Book can buying

Teaching the Bible Effectively
သမ္မာကျမ်းစာကို ထိရောက်စွာ
သင်ကြားခြင်း
စဉ် အကြောင်းအရာ စာမျက်နှာ
၁။ ကျေးဇူးတင်လွှာ I
၂။ ညွှန်ကြားချက်/လမ်းညွှန် III
၃။ စကားချီး IV
၄။ နိဒါန်း V
၅။ အခန်း (၁)
သမ္မာကျမ်းစာသင်ကြားပေးသော ဆရာ/မတို့၏
အရည်ချင်းများ ၁
၆။ အခန်း (၂)
ထိရောက်အောင်မြင်သော ဓမ္မပညာ၏အခြေခံအချက်များ ၁၃
၇။ အခန်း (၃)
စစ်မှန်သောသမ္မာတရားကိုသင်ကြားခြင်း ၂၄
၈။ အခန်း (၄)
တပည့်များ သင်ယူလိုစိတ်ရှိရန် ပံ့ပိုးကူညီခြင်း ၂၈
၉။ အခန်း (၅)
ထိရောက်သောသင်ကြားနည်းကို ရွေးချယ်ပါ။ ၃၆
၁၀။ အခန်း (၆)
သင်ကြားသောဆရာ/မများ အမြဲသတိပြုရမည့်အချက်များ ၄၇
၁၁။ အခန်း (၇)
သင်ကြားသူများ နားလည်သဘောပေါက်ရမည့်
သင်ကြားခံယူသူများ၏သဘောသဘာဝများ ၅၃
၁၂။ အခန်း (၈)
သမ္မာကျမ်းစာသင်ကြားခြင်းအတွက် ပြင်ဆင်ခြင်းများ ၅၉
၁၃။ နိဂုံး ၆၉
၁၄။ ကိုးကားစာအုပ်များ ၇၀
ဤစာအုပ်သည် သမ္မာကျမ်းစာသင်ကြားပေးသည့် ဆရာ၊ ဆရာမများ၊ ခရစ်ယာန် ခေါင်းဆောင် များအတွက်ဖြစ်ပါသည်။ ထိုသို့သေချာပေးရာတွင် ခရစ်ယာန်ဆရာ၊ ဆရာမများ အတွက် သာမကဘဲ သင်ကြားမှုကို ပြုနေသူတိုင်းအတွက်ကောင်းသောဆရာ၊ ဆရာမများဖြစ်ရန် သင်ကြားသော နည်းလမ်း များစွာ ရရှိနိုင်သော အထောက်အကူပြုစာအုပ်ဖြစ်ပါသည်။
ဤစာအုပ်သည် ဆရာ/မများနှင့် သူ၏သင်ကြားခြင်း အကြောင်းဖြစ်သည်။ ခရစ်ယာန် ခေါင်းဆောင်များသည် သူတစ်ပါးအား သမ္မာကျမ်း၊ အမှန်တရားများကို သင်ကြားပါသည်။ အသင်းသူ/သားများကို သင်ကြားပါသည်။ သခင်ခရစ်တော်ကို ယုံကြည်လက်ခံချက် မပြုခဲ့သေး သောသူများကိုလည်း သင်ကြားခွေရရှိတတ်ပါသည်။ ဘုရားသခင်သည် လူအများစုကို သင်ကြားမှု ပညာဆုကျေးဇူးကို ပေးပါသည်။ အသင်းတော်ကို အစေခံနိုင်ရန် အတွက်သင်ကြားခြင်း ဆုကျေးဇူးကို ပေးပါသည်။၎င်းဆုကျေးဇူး ကိုလည်း အသုံးပြုမည်ဟု ယုံကြည်ပါသည်။ အရေးကြီးသော အမှန်တရားကို သင်ကြားရသောကြောင့် ကောင်းသောဆရာ/မများ ဖြစ်နိုင်ရန်အရေးကြီးပါသည်။
ကောင်းသောဆရာ/ဆရာမများသည် အမှန်တရားကိုကျောင်းသူ/သားများ အားသင်ပြနိုင် သကဲ့သို့ ထိုအကြောင်းအရာကို နားလည်သဘောပေါက် မှတ်မိသွားအောင်နှင့် အသက်တာတွင် လိုက်လျှောက်အသက်ရှင် နိုင်သည့် အထိပံ့ပိုးသူများ ဖြစ်သည်။ထို့အပြင်သင်ကြားပို့ချသော ဆရာ/ဆရာမ ကောင်း တစ်ဦးသည်မိမိသင်ကြားမှုကို လက်တွေ့ အသက်ရှင်ပြခြင်းဖြစ်ပါသည်။
ရှင်ပေါလု၏ တပည့်တော်များ အနက် တိမောသေ အမည် ရှိသော ကျောင်းသား တစ်ဦးရှိပါသည်။ ဓမ္မသစ်ကျမ်းထဲရှိ တိမောသေထံသို့ ရှင်ပေါလု ရေးသားခဲ့သောစာ(၂)စောင်ရှိပါသည်။ (၂တိ ၃:၁၀)တွင် ရှင်ပေါလုက “ငါဆုံးမဩဝါဒပေးခြင်း၊ အကျင့်ကျင့်၊ ကြံစည်ခြင်း၊ သစ္စာစောင့်ခြင်း၊ စိတ်ရှည်ခြင်း၊ ချစ်ခြင်း၊ သည်းခံခြင်းတို့ကို လည်းကောင်း…..စသည်ဖြင့်” ရှင်ပေါလုသည် တိမောသေကို မည်ကဲ့သို့ အသက်ရှင် ရမည်ကို ပြောပြသည်သာမက သမ္မာတရားအတိုင်း မိမိအသက်တာ ၌အသက် ရှင်ပြခဲ့ပါသည်။ ထိုကြောင့် ကောင်းသောဆရာ၊ ဆရာမများသည် ထိရောက်သော သင်ကြားမှု ဖြစ်စေရန်အတွက် သမ္မာတရားအတိုင်း ပြင်ဆင်မှုများစွာဖြင့် မိမိကိုယ်တိုင် လေ့လာမှုကို အမြဲပြုရပါမည်။

Comments are closed