Christian Education

Rev. Saw Harrison

(Office Development Training မှ ဆရာတော်၏ပို့ချချက်ကိုတိုက်ရိုက်ရေးထုတ်ဖော်ပြထားပါသည်။)

Teaching Ministry ကိုဘယ်လိုဉီးဆောင်ဦးရွက်ပြုရမလဲ ဆိုတဲ့အကြောင်းမပြောခင်မှာ အခုက Office Development Training ဖြစ်တဲ့အတွက် ကျွန်တော်တို့ရဲ့ရုံးတွေ၊ အဖွဲ့ အစည်းတွေမှာ ဘယ်လိုnature ရှိ တယ်ဆိုတာကိုဦးဆုံးပြောပြချင်ပါတယ်။ ကျွန်တော်တို့ရုံးတွေ၊ အဖွဲ့အစည်းတွေမှာ ဌာနတွေရှိကြပါ တယ်။ အများအားဖြင့် ဌာနအမျိုးအစား (၃)မျိုးခွဲကြတယ်။ ဒါပေမဲ့ကျွန်တော်ဒီမှာ အဓိကကျတဲ့(၂)မျိုး ကိုဖော်ပြမှာဖြစ်ပါတယ်။ 

အစီအစဉ်ဌာန( Program Department) နဲ့ လူအစုအဖွဲ့တွေကို အခြေခံတဲ့အဖွဲ့ အစည်းဌာန (Organization Department)ရေးရာဌာန ဆိုပြီး(၂)ခုရှိပါတယ်။ တူရာလူအစုအဖွဲ့ကိုအခြေခံတဲ့အဖွဲ့ က Minister, Woman, Man, Youth and Children ဒီ Department တွေပဲဖြစ်တယ်။ Minister Department ဆိုရင် လည်း ဓမ္မဆရာအစုအဖွဲ့ကိုအခြေခံပြီး၊ Woman Department ဆိုရင် အမျိုးသမီး ထုတစ်ရပ်လုံးကိုအခြေ ခံထားတဲ့ဌာနဖြစ်တယ်၊ Man Department ဆိုရင်လည်း အမျိုးသားအစု အဖွဲ့ကိုကိုယ်စားပြုတဲ့ဌာန ဖြစ် တယ်၊ လူငယ်ထုတစ်ရပ်လုံးကိုကိုယ်စားပြုတဲ့ အဖွဲ့အစည်းကို Youth Department လို့ခေါ်တယ်။ ဒီမှာ တစ်ခု သတိထားစရာရှိတာက လူသားတစ်ရပ်လုံးလို့ပြောတဲ့အခါမှာ အမျိုးသမီး၊ အမျိုးသားနဲ့ လူငယ်ဆို ပြီး ရှိပေမဲ့ကလေးအစုအဖွဲ့အတွက် (Children Department) က မရှိဘူးဖြစ်နေတယ်။ အဖွဲ့ချုပ်မှာကော၊ အသင်းချုပ်မှာကော Children Department ကမရှိပါဘူး။

Program Department.. မှာကြည့်မယ်ဆိုရင် အစီအစဉ်ကိုအခြေခံတဲ့ဌာနဖြစ်ပါတယ်။ သူ့မှာ လူပုဂ္ဂိုလ်မရှိပါဘူး။ Christian Education Department ဆိုရင် ခရစ်ယာန်ပညာရေးဌာနတစ်ခု၊ ခရစ်ယာန်ပညာရေးကိုဝန်ဆောင်တဲ့ဌာနဖြစ်တဲ့အတွက် လူပုဂ္ဂိုလ်ကိုအခြေခံတာမဟုတ်ပါဘူး။ ဘယ်အသက်အရွယ်မဆိုအတွက် ခရစ်ယာန်ဓမ္မပညာရေးအစီအစဉ်ကို ဦးဆောင်လုပ်ပေးတဲ့ဌာန ဖြစ်ပါတယ်။ အဲ့လိုပဲ Evangelism & Mission Department ဆိုရင်လည်း ဘယ်အသက်အရွယ်မဆို အတွက် သာသနာပြုတဲ့အစီအစဉ်ဌာန၊ Leadership Promotion Department, Communication Department, Care & Counseling Department and Social Service Department ဒါတွေအားလုံး ကလည်း အစီအစဉ်ဌာနတွေဖြစ်ကြပါတယ်။

ကျွန်တော်တို့ ခရစ်ယာန်ဓမ္မပညာဌာနကတော့ ထူးဆန်းစွာတာဝန်ပေးအပ်ခြင်းခံရတယ်။ ဘာဖြစ်လို့လဲ ဆိုရင် ခရစ်ယာန်ဓမ္မပညာဌာနလို့ပြောတဲ့အခါမှာ ကလေးလုပ်ငန်းလို့ပဲမြင်ကြတာ များတယ်။ ဒါလည်း မဆန်းပါဘူး၊ မှားတယ်လို့လဲမဆိုလိုပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကလေးထု တစ်ရပ်လုံးကို ကိုယ်စားပြုတဲ့ ဌာနမရှိတဲ့အခါကျတော့ ခရစ်ယာန်ဓမ္မပညာဌာနက ကလေးထု တစ်ရပ်လုံးကိုလည်း ကိုယ်စားပြုပြီးလုပ် ဆောင်နေရတဲ့ဌာနတစ်ခုအနေနဲ့ တာဝန်ယူရတဲ့အပိုင်းမှာ ရှိတော့ Organization Department တာဝန်ကိုလည်း ယူရသလို တစ်ဘက်က Program Department ဖြစ်တဲ့ ခရစ်ယာန်ဓမ္မပညာအစီအစဉ်ကိုလည်း တာဝန်ယူရတာဖြစ် တဲ့အတွက်ကြောင့် မို့ အဲ့ဒီနှစ်ခုက ကွဲကွဲပြားပြား၊ ရှင်းရှင်းလင်းလင်း ထိထိရောက် ရောက်လုပ်ဆောင်နေကြမယ် ဆိုလို့ရှိ ရင် အင်မတန်မှကောင်းမွန်ပြီးထိရောက်မှာဖြစ်ပါတယ်။ အခုက မကွဲမပြား မရှင်းမလင်း မသေမချာ ရောနှောရှုပ်ထွေးနေကြတော့ ခရစ်ယာန်ဓမ္မပညာလုပ်ငန်းလို့ ဆိုတာနဲ့ အမျိုးသမီးများဦးဆောင်တဲ့ အမျိုးသမီးအများစုပါဝင်တဲ့ ကလေးလုပ်ငန်းလို့ပဲမြင်ကြတယ်။ ဒီအမြင်က တကယ်ကမှားလား ဆိုတော့လည်း မမှားပါဘူး။ မှန်လားဆိုတော့လည်းအပြည့်အဝမမှန်ပါဘူး။ 

ဘာလို့မမှန်လဲဆိုတော့ ခရစ်ယာန်ဓမ္မပညာဌာနမှာ ဘာလို့အမျိုးသမီးတွေပဲ များတာလဲလို့ တစ်ချို့လူကမေးကြတယ်။ ခရစ်ယာန်ဓမ္မပညာဌာနမှာ အမျိုးသမီးတွေပဲ များရခြင်း အကြောင်းက ခရစ်ယာန် ဓမ္မပညာ ဌာနကို လူတော်တော်များများက ကလေးလုပ်ငန်းလုပ်တဲ့ဌာနလို့ မြင်တဲ့အတွက် အမျိုးသမီး တွေကိုပဲ ရွေးချယ်ခြင်းဖြစ်ပါတယ်။ ကလေးလုပ်ငန်းမှာ အမျိုးသားတွေလုပ်လို့မရဘူးလား ဆိုတော့လဲ ဦးဆောင်တဲ့အခန်းကဏ္ဍတွေမှာ လုပ်လို့ရပါတယ်။ သို့သော်လည်း အထူးသဖြင့် ECCD ကျောင်းတွေမှာဆိုရင် ဆရာမတွေပဲများပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အမျိုးသား၊ အမျိုးသမီးဆိုတဲ့ Nature ကိုကြည့်မယ်ဆိုရင် အမျိုးသမီးတွေရဲ့ မိခင်မေတ္တာစိတ်က ကလေးတွေအပေါ် စိတ်ရှည်တယ်၊ သီးခံနိုင်တယ်။ အားလုံးသိပါတယ် ဖခင်တွေဆိုရင်တော်တော်များများက ၁၊၂၊၃ ဆိုတာနဲ့မရရင် ဒေါသ ထွက်ပြီး လက်ကပါလာပါတယ်။ ဒါကြောင့်ဖခင်မေတ္တာနဲ့သွားလို့ရှိရင် ကလေးတေ ခဏခဏရိုက်ခံ ရမဲ့ကိန်းရှိပါတယ်။ မိခင်မေတ္တာဆိုတာက နွေးထွေးတယ်၊ ကလေးတွေကိုယုယတယ်၊ ကလေးတွေ ကိုစိတ် ရှည်တယ်၊ ချီးသေးကအစမရွံရှာပဲလုပ်နိုင်တယ်။ ဒါကြောင့်မို့ ECCD လုပ်ငန်းမှာ အမျိုးသမီး တွေပဲများရ ခြင်းဖြစ်ပါတယ်။ အဲ့ဒီအပြင်ကို အမြင်ကအဲ့ထက်ကိုမပွင့်တော့ဘဲနဲ့ ဓမ္မပညာဌာန တစ်ခုလုံးက ကလေးလုပ်ငန်းလို့မြင်တဲ့အခါကျတော့ ကော်မတီဝင် တော်တော်များများ ကလူရွေး ရတဲ့အခါ ခရစ်ယာန်ဓမ္မပညာဆိုလို့ရှိရင် အမျိုးသားထက် အမျိုးသမီးတွေကို ရာခိုင်နှုန်း (၈၀)လောက် ဦးစားပေးပြီး ရွေးကြတာဖြစ်ပါတယ်။ အဲ့ဒါကလဲ Organization Department ဖြစ်တဲ့ ကလေး လုပ်ငန်းဘက်ကို ဇောင်းပေးပြီး အလေးသာတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။

တကယ်ဆို Program Department ဖြစ်တဲ့ Christian Education အစီအစဉ်က ခရစ်ယာန် ဓမ္မပညာရေးကဏ္ဍဖြစ်ပါတယ်။

ပညာရေးကဏ္ဍကိုကြည့်မယ်ဆိုရင် အမျိုးသားတွေလုပ်ရှားနိုင်တာ အများကြီးရှိပါတယ်။ အထူးသဖြင့် ခရစ်ယာန်ဓမ္မပညာမှာ အစီအစဉ်နဲ့ အဖွဲ့အစည်းဌာနနှစ်ခုရဲ့အလုပ်ကို မျှမျှတတနဲ့ထိထိ ရောက်ရောက် လုပ်ပေးဖို့လိုပါတယ်။ Christian Education ဆိုတဲ့ အစီအစဉ်ဌာနမှာက ဘာကို အခြေခံပြီးတော့ ဘာလုပ်ငန်းတွေလုပ်နိုင်လဲဆိုရင် Teaching Ministry အစီအစဉ်ကိုအဓိကထား လုပ်ဆောင်တဲ့လုပ်ငန်းဖြစ်တယ်။ အစီအစဉ် လုပ်ငန်းဖြစ်တဲ့ ခရစ်ယာန်ဓမ္မပညာလုပ်ငန်းကို ကြည့် မယ်ဆိုရင် အဓိကအလုပ်ကတော့ သင်ကြားခြင်း အမှုတော်မြတ်လုပ်ငန်းဖြစ်တယ်။

ခရစ်ယာန်ပညာရေးကဏ္ဍမှာဘာပါသလဲ- အသင်းတော်ကျောင်းအစီအစဉ်များ (Church School programs) ပါပါတယ်။ အသင်းတော်ကျောင်းအစီ အစဉ်များဆိုတာ အလွယ်တကူ နားလည်တာက Sunday School အတန်းများဖြစ်တဲ့ Nursery, KG, Primary, Junior, Youth and Adult Sunday School class တနည်းအားဖြင့် Church School လို့ခေါ်ပါတယ်။ နောက်ပြီးတော့ Bible Study လဲပါပါ တယ်။ ဘာဖြစ်လို့လဲဆိုရင် လူငယ်အရွယ်ရောက်ပြီဆိုရင် သူတို့ကို Sunday School တက်ခိုင်းရင် သူတို့မှာ အမြင်မပြောင်းလဲနိုင်တာတစ်မျိုးရှိတယ်။ Sunday School ဆိုတာ ကလေးတွေပဲတက်ရတာဆိုပြီး သူတို့ သိပ်မတက်ချင်ကြပါဘူး။ မတက်ချင်တဲ့အခါကျတော့ Youth Bible Study ဆိုပြီးလုပ်ပေးလိုက်မယ်ဆိုရင် သူတို့ကတက်ချင်ကြတယ်။ အဲ့တော့ Youth Bible Study Class ပဲခေါ်ခေါ်၊ Youth Sunday School Class ပဲခေါ်ခေါ်အတူတူပါပဲ။ နှစ်ခုလုံးက ကျမ်းစာကို အခြေခံပြီးသင်တာပဲ။ VBS (Vacation Bible School)  နွေရာသီမှာဖွင့်တဲ့ အစီအစဉ် တွေဖြစ်တယ် (Youth camp, Junior camp, Primary camp) အစရှိသည်တို့ဖြစ််တယ်။ Curriculum Programs သင်ရိုးညွှန်းတမ်းအစီအစဉ်ကတော့ သင်ကြားခြင်းအမှုတော်မြတ်မှာ အတန်းလိုက် သင်ကြားမှု ရှိလာပြီဆိုရင် သင်ရိုးညွှန်းတမ်းဆိုတာလိုလာစမြဲပါ။ သင်ရိုးညွှန်းတမ်းဆိုတာ သင်ရိုးညွှန်း တမ်းပြုလုပ်ခြင်း၊ ရှာဖွေခြင်း၊ ဝယ်ယူခြင်း၊ စုဆောင်းခြင်း၊ ရယူခြင်း ဆိုတဲ့အစီအစဉ်တွေရှိပါတယ်။ နောက်ပြီးတော့ Teaching Aidsကတော့ သင်ရိုးညွှန်းတမ်းသင်ပြီဆိုရင် သင်ကြားမှုအတွက် အထောက်ကူပြုပစ္စည်းဖြစ်ပါတယ်။ နောက်တခုက Learning Library ကိုတွင်တွင် ကျယ်ကျယ်တော့ မလုပ်ဆောင်ကြသေးဘူး။ အဲ့ဒါကခရစ် ယာန်ဓမ္မပညာဌာနကနေမှ ဦးစီးဦးဆောင်ပြီး တွင်တွင် ကျယ်ကျယ်လုပ်ဆောင်ပေးရမယ့် အနေအထားမှာ ရှိတယ်။ အသင်းတော်ကျောင်း (Church School) မှာ Sunday School သင်တယ်၊ Bible studyသင်တယ်၊ တကယ်တမ်းတော့ ပညာရေးကဏ္ဍကို လှုပ်ရှားတဲ့ အရာမှန်သမျှက တပည့်များ မိမိကိုယ်တိုင် လေ့လာနိုင်တဲ့ စာအုပ်စာတမ်းများ အပြည့်အဝ ထားရှိပေးတဲ့Library ရှိဖို့လိုတယ်။ Libraby အခန်းတစ်ခန်းမရှိသည့်တိုင်အောင် ကလေးများလေ့လာ သင့်တဲ့ စာအုပ်စာတမ်းများထည့်ထားတဲ့ ဘီရိုလေးတစ်လုံးတော့ရှိသင့်တယ်။ ပညာများရှာဖွေ လေ့လာခြင်းမှာ စာအုပ်စာပေ ဖတ်ရှုလေ့လာခြင်း ပါတဲ့အတွက် အဲ့ဒါကို မဖြစ်မနေ လုပ်ဆောင်ပေး ရမဲ့တာဝန် ကျွန်တော်တို့မှာရှိပါတယ်။

ခရစ်ယာန်ဓမ္မပညာရဲ့ခေါင်းဆောင်များ သင်ကြားခြင်းအမှုတော် ကိုထိထိရောက်ရောက်လုပ်ဆောင် ရမယ်ဆိုလို့ရှိရင် Church School မှ Sunday Schoolအတန်းစုံ၊ Bible Study သင်ကြားခြင်းအစီအစဉ်၊ နွေရာသီ camp ပြုလုပ်ခြင်းအစီအစဉ်တွေ၊ သင်ရိုးညွှန်းတမ်းများ၊ သင်ထောက်ကူပစ္စည်းများရယူပေးခြင်း၊ Learning Library များထားရှိခြင်း အစီအစဉ် နှင့် ခရစ်ယာန် အိမ်ထောင်အစီအစဉ် ကိုထိထိ ရောက်ရောက်လုပ်ဆောင်ပေးရမှာဖြစ်ပါတယ်။ တစ်ဘက်မှာလည်း Children Department မရှိတဲ့အတွက် ကြောင့်မို့လို့ ကလေးလုပ်ငန်းအစီအစဉ်မှာပါတဲ့ ECCD လုပ်ငန်း အထူးသဖြင့် under (14)ကိုအဓိက ထားတာဖြစ်တယ်၊ ဒါပေမဲ့ကလေးဆိုတာကတော့ (၁၈)နှစ်အောက်ကို ကလေးလို့ ခေါ်တာဖြစ်တယ်။ အထူးသဖြင့် (၁၄)နှစ်အောက်တွေက ကလေးလဲမဟုတ် လူငယ်ဘက်လည်း မရောက်တဲ့အတွက် ကျွန်တော်တို့ ဓမ္မပညာဌာနအနေနဲ့ အဲ့လိုကလေးအစုအဖွဲ့ အတွက် အစီအစဉ်တွေ မလုပ်ဘူးဆိုရင်လည်း (Child Labor, Child Developmentတို့၊ Child Protectionတို့မှာ) ဟာကွက် တွေအများကြီး ရှိသွားနိုင်ပါတယ်။

ခရစ်ယာန်အိမ်ထောင်ဘက်ကို ကြည့်မယ်ဆိုရင်လည်း လုပ်ငန်းတစ်ရပ်ရဲ့ အရေးကြီးတဲ့ အခန်းကဏ္ဍမှာပါဝင်နေတော့ ခေါင်းဆောင်များအနေနဲ့ ခရစ်ယာန်အိမ်ထောင်အတွက် အမျိုးမျိုး သော သင်တန်းများကို လုပ်ဆောင်ပေးရမှာဖြစ်ပါတယ်။ Family Gathering Programs ဆိုရင် နိုဝင်ဘာလမှာ ကျရောက်တဲ့ ခရစ်ယာန်အိမ်ထောင်ရက်သတ္တပတ်မှာ လုပ်ပေးလို့ရပါတယ်။ Home Visiting Programs သွားပေးရမယ်၊ အခုချိန်မှာ ကျွန်တော်တို့က Family Devotion Programs ကိုပြန်ဦးတည်ပြီး အများကြီး လုပ်ဆောင်ပေးသွားရမှာဖြစ်တယ်။ ခရစ်ယာန်အိမ်ထောင်တိုင်းက Family Devotion ဆိုတာရှိရမှာ ဖြစ်ပါတယ်။ အဲ့အတွက် ခရစ်ယာန်ဓမ္မပညာဌာနက ဘာအစီအစဉ်တွေလုပ်ပေးနိုင်လဲ၊ အထောက် အကူဖြစ်ဖို့ရန်အတွက် ဘာစာအုပ်တွေထုတ်ပေးနိုင်လဲ၊ Home Visiting တွေသွားပြီး ဘယ်လိုအားပေးမလဲ၊ ဘယ်လို Follow up လုပ်ပေးမလဲ စဉ်းစားရမှာဖြစ်တယ်။ Special Programs နဲ့ပက်သက်ပြီးတော့ ခရစ်ယာန်အိမ်ထောင်တွေအတွက် Special program တွေကိုလုပ်ဆောင် ပေးရမှာဖြစ်တယ်

(ကျေးဇူးတင်ပါသည်။ အပိုင်း (၂) လာပါဉီးမည်။)

Comments are closed